Local News

ဧည့်မထဆန်(ဟောင်း/သစ်)၊ပေါ်ဆန်းမွှေးဆန်နှင့် ဆန်ကွဲ ဈေးများကျဆင်း

Last Updated:

ပဲခူးကုန်စည်ဒိုင်တွင် ဆန်မျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိရာ (၂၁.၆.၂၀၂၄) ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၉၀၀၀ဝကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်) တစ်အိတ် ၈၅၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန် တစ်အိတ် ၁၃၅၀၀ဝကျပ်၊ ဆန်ကွဲ B (1,2) တစ်အိတ် ၅၅၀၀ဝကျပ်၊ ဆန်ကွဲ B (2,3,4) တစ်အိတ် ၅၃၀၀ဝကျပ် နှင့် ဖွဲနုတစ်အိတ် ၁၅၉၀ဝကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။ (၂၈.၆.၂၀၂၄) ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၈၅၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်) တစ်အိတ် ၇၂၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန် တစ်အိတ် ၁၂၅၀၀ဝကျပ်၊ ဆန်ကွဲ B (1,2) တစ်အိတ် ၅၁၀၀ဝကျပ်၊ ဆန်ကွဲ B (2,3,4) တစ်အိတ် ၄၈၀၀ဝကျပ် နှင့် ဖွဲနုတစ်အိတ် ၁၅၉၀ဝကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါ သည်။

ယခုတစ်ပတ်ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၅၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်) တစ်အိတ် ၁၃၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန် တစ်အိတ် ၁၀၀၀ဝကျပ်၊ ဆန်ကွဲ B (1,2) တစ်အိတ် ၄၀၀ဝကျပ်၊ ဆန်ကွဲ B (2,3,4) တစ်အိတ် ၅၀၀ဝကျပ် ဈေးကျဆင်းခဲ့ပြီး ဖွဲနုဈေးများအနေဖြင့် ဈေးတည်ငြိမ်လျက်ရှိပါသည်။ ဧည့်မထဆန် (မနော သုခ)(ဟောင်း)၊ ဧည့်မထဆန်(မနောသုခ)(သစ်)၊ ပေါ်ဆန်းမွှေးဆန် နှင့်ဆန်ကွဲဈေးများ ကျဆင်း သွားခြင်းမှာ ဆန်သစ်များပေါ်လာခြင်း၊ ဝယ်လိုအားနည်းခြင်းကြောင့် ဈေးကျဆင်းသွားခြင်း ဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်ဥက္ကဋ္ဌထံမှ သိရှိရပါသည်။

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News